{ "title" :"Skyfire (2019)", "id" :"102488778455808", "imgUrl":"https://scontent.frgn1-2.fna.fbcdn.net/v/t1.0-9/137222610_213384987083911_2972550067589318416_n.jpg?_nc_cat=102&ccb=2&_nc_sid=825194&_nc_ohc=txcCwqqAcTYAX8Fl1gP&_nc_ht=scontent.frgn1-2.fna&oh=11f7ce390cb1606628e78dd13fdc9a66&oe=602F3CA6", "genre" :"Action & Adventure", "genres":"Action", "desc" :"Skyfire (2019) ရှောင်မုံးရဲ့ မိဘနှစ်ပါးလုံးက ဘူမိဗေဒပညာရှင်တွေပါ ။ တန်ဟောင်းမီးတောင်ကို ကွင်းဆင်းလေ့လာကြရင်း မီးတောင်ရုတ်တရက် ထပေါက်တာကြောင့် ရှောင်မုံးရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှောင်မုန်းအရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီးမီးတောင်တွေအကြောင်း အသေးစိတ်လေ့လာနိုင်မယ့် ဒီဂျစ်တယ် ဇူးစနစ်ကို တီထွင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဂျက်ဟားရစ်က တန်ဟောင်းမီးတောင်ပေါ်မှာ ကမ္ဘာ့ပထမဆုံးအပန်းဖြေစခန်းကြီးကို ခမ်းခမ်းနားနား တည်ဆောက်နေတာ အဆင့်တစ်ပြီးသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေကလည်း အထူးအဆန်းမို့လို့ အုံးအုံးကြွပ်ကြွပ် လာရောက်လည်ပတ်နေကြပါတယ်။ တစ်နေ့မှာတော့မီးတောင်မူမမှန်တာကို ရှောင်မုံးက ခံစားမိပြီး သူ့ကိုပိတ်ဖို့ သတိပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ ရှောင်မုံးရဲ့ဖခင်ပါမောက္ခကြီးကလည်း သမီးဇောနဲ့ အဲဒီမီးတောင်ရှိရာ လိုက်လာခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ…. ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Junior Danny ဖြစ်ပါတယ်)", "ids":["",""], "type" :"movie" }
